ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး မူဆယ် ၁၀၅ မိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
” မူဆယ် ၁၀၅ မိုင်ကနေ လက်နက်ကြီးတွေနဲ့ ထုနေတယ်။ စယ်လန့်ရွာဘက်ကို ပစ်နေတာလို့ သိရတယ်။ အပြန်အလှန် ပစ်နေကြတာ RPG နဲ့ထုတဲ့ အသံတွေလည်းကြားတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။