ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် တောင်ပေါ်ရွာတစ်ရွာဖြစ်တဲ့ ၄၅၆၁ ကုန်းပေါ်ရွာ မှ မနေ့ကလူငယ်တစ်ဦး ထင်းခွေသွားရာမှ မိုင်းထိလို့ မြို့ပေါ် ပုဂ္ဂလိက ဆေးရုံကို တင်ပေးရပြီး ယင်းလူငယ်မှာ မိုင်းထိဒဏ်ရာနဲ့ ခြေထောက်ဖြတ်ရတယ်လို့ သိရပါတယ်။
`ပရဟိတ တစ်ဖွဲ့က သွားသယ်ဆောင်လာပြီး ဆေးရုံပို့တာပါ၊ ငွေလဲ ၄၀၀၀၀ ပဲပါလာတာဖြစ်လို့ သွားပြီးငွေကူခဲ့တယ်၊ သူတို့မှာဘာမှ မပြည့်စုံလို့လေ`လို့ မူဆယ်ပရဟိတအသင်းဝင် တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေမှာ ဆရာဝန်၊ ဆရာမနဲ့ဆေးဝါးလိုအပ်ချက်တွေကြောင့် ပုဂ္ဂလိကဆေးရုံနဲ့ တရုတ်နိုင်ငံရွှေလီမြစ်ဘက်ကို အရေးကြီးလူနာတွေ ပို့ဆောင်ပေးနေရတယ်လို့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မြို့နယ်အတွင်း ၂၀၂၄ ဇန်နဝါရီလအတွင်း မိုင်းထိသူ ဦးရေ ၂၀ ကျော်ရှိသွားပြီလို့လည်း စုံစမ်းသိရှိရပါတယ်။