ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အနီး နမ့်တောင်းရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးအရာရှိက ပြောသည်။
စစ်ကောင်စီတပ်ထိုးစစ်ဆင်လာ၍ ယနေ့မနက်ပိုင်း၌ မိနစ် ၄၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။
“ဒီနေ့မနက် ၁၀နာရီကနေ ၁၀နာရီ ၄၀မှာ စစ်ကောင်စီနဲ့TNLA က တိုက်ပွဲဖြစ်ပွားခဲ့တယ်။ မူဆယ်မြို့ နမ့်တောင်းရွာမှာ။ အခြေအနေကတော့ စစ်တပ်က TNLA ရှိရာ စခန်းကို လာရောက်ပြီးပစ်ခတ်တဲ့အတွက်ကြောင့်ပါ။ ထိခိုက်မှုတော့ လက်ရှိတော့ မရှိဘူး။” ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန အရာရှိက ပြောသည်။
ဒေသတွင်းသတင်းဌာနအချို့၏ ဖော်ပြချက်တွင် TNLA တပ်က ဖြတ်သန်းသွားလာနေသည့် ကားများကို စစ်ဆေးနေစဉ်စစ်ကောင်စီ ကားတစ်စီးနှင့် ကြုံတွေ့ကာ နှစ်ဖက် ပစ်
ခတ်မှု ဖြစ်ပွားပြီး TNLA ဘက်က ကျဆုံးမှုရှိသည်ဟု ဆို
သည်။
TNLA ဘက်က ကျဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဟု TNLA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။
TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၁၀ရက် ကလည်း ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာ၍ ဖြစ်ပြီး တိုက်ပွဲမှာ ၃နာရီကြာမြင့်ခဲ့သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။