ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေကြောင်း တအာင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ မိနစ် ၃၀ အချိန်မှစ၍ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ ၏ ၁၀၅ မိုင် ဗျူဟာကုန်းစခန်းကို ညီနောင် ၃ ဖွဲ့ (MNDAA/AA/TNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ Mi35 ရဟက်ယာဥ်တို့ဖြင့် ပစ် ကူပေးတိုက်ခိုက်နေကြောင်း၊ ထို့အပြင် မူဆယ်မြို့ထဲရှိ စစ်တပ်စခန်းကလည်း အတွဲလိုက် ဒုံးကျည်များဖြင့် ပစ် ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
“စခန်းသိမ်းပိုက်မှုအပေါ် ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး၊ မနေ့က တော့ တိုက်နေတုန်းပေါ့နော်၊ စခန်းသိမ်းတယ် ဆိုတာတော့ အတည်ပြုလို့မရသေး ပါဘူး၊ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ”ဟု PSLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။