ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်က ရဟတ်ယာဉ်၊ တုက်လေယာဉ်များဖြင့် ယနေ့ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီကတည်းက စစ်တပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရှိရသည်။
“ဒီနေ့လဲ ညနေ ၃နာရီလောက်ကတည်းက ရဟတ်ယာဉ် ရော လေယာဉ် ရောနဲ့ မူဆယ် မြို့ပြင်တောင်ကုန်းတွေကို ပစ်ခတ်နေတာ မြို့ထဲကနေ မြင်နေရတယ်။ ကောင်းကင်မှာ ၆ ပတ် ၇ ပတ်လောက် ပတ်ဝိုက်ပြီး ပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က စစ်ကောင်စီ၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် နေ့စဉ် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။