ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင်ရှိ တိုးဂိတ်စောင့်နေသော အကြမ်းဖက် စစ်သားများကို TNLA တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဒေသ ပြည်သူများထံမှ သိရသည်။
စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ တိုးဂိတ် စောင့်နေသော စစ်သားများနှင့် ပြည်သူ့စစ် အဖွဲ့ကို TNLA တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး တိုးဂိတ်၌ စစ်သားများနှင့် ပြည်သူ့စစ် အဖွဲ့ဝင် ၁၀ ဦးကျော်ခန့်ရှိကာထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်းသိရသည်။
ထို့ပြင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း တိုးဂိတ် အနီးအနားရှိ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဒေသ ပြည်သူများက ပြောဆိုသည်။