စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တပ်ရင်းတွေကို ပြီးခဲ့တဲ့ မေလအတွင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ MoD က သတင်း ထုတ်ပြန်ပါတ.်။
“၂၀၂၃ မေလတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF) တပ်ရင်းများကို လက်နက်တပ်ဆင်ခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တပ်ရင်းများနှင့် စစ်ကြောင်းများကို မဟာဗျုဟာနှင့်အညီ တဆင့်ချင်း လက်နက် တပ်ဆင်ပေးလျက် ရှိနေကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ MoD က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က PDF တပ်ရင်းတချို့ကို တပ်ရင်းတစ်ရင်းအတွက် သေနတ်ငါးလက်၊ ကျည်ဘောက်(၁၅)ခုနဲ့ ကျည်(၅၀၀)စီ NUG က စတင် တပ်ဆင်ပေးတာလို့ သတင်းရရှိပါတယ်။
NUG က တပ်ဆပ်ပေးတဲ့ လက်နက်ဟာ လုံးလောက်မှု မရှိသေးပေမယ့် တပ်ရင်းအတွက် တစုံတရာ အထောက်အကူ ဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) – Pale Jokers PDF တပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်ပုလဲက MFP ကို ပြောပါတယ်။