၂၀၂၃ခုနှစ် မေလ (၂၄)ရက်နေ့မှာ လွိုင်ကော် PDF ရဲဘော် တစ်ဦးဖြစ်တဲ့ ကိုဝိဇ္ဇာ ဟာ လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ လွိုင်ကော် PDF ရဲ့ ယမန်နေ့ (မေလ ၂၆ရက်) သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော် ကိုဝိဇ္ဇာရဲ့ ဈာပနကို မေလ (၂၆)ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ကျဆုံးချိန် အသက် (၃၇) နှစ် ရှိပြီလို့ သိရပါတယ်။ ရဲဘော် ကိုဝိဇ္ဇာဟာ တိုက်ပွဲများစွာ ပါဝင်ခဲ့သလို ကျရာတာဝန်ကို မဆုတ်မနစ် ထမ်းဆောင်သူ ဖြစ်ပြီး အာဇာနည်အဖြစ် မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။