ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အကြမ်းဖက် စစ်တပ်ရဲ့ ကြိမ်ချောင်းနယ်ခြားစောင်တပ်စခန်းကို ရက္ခိုင့်တပ်တော်က အတိုင်းတာ တခုထိ သိမ်းပိုက်ထားပြီဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ရက္ခိုင့်တပ်တော်က ဝိုင်းရံပိတ်ဆိုဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့် ကြာ မြင့်နေပြီးတော့ နှစ်ရက်တာ ထိုးစစ်အရှန်မြှင့်တိုက်ခိုက်မှုအတွင်း အတိုင်းအတာ တစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်ဟာ ကြိမ်ချောင်း စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းကို မတ်လ ၂၃ရက်ကအပြီးသတ်သိမ်း ပိုက်ရယူထားပြီးဖြစ်သလို ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မောင်တောမြို၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက် ခိုက်နေပြီးတော့ အဲဒီစခန်းက ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံ ချေမှုန်းရာ ရန်သူ့အလောင်း (၂၀) ကျော်၊ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်း ဆည်းရမိခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။