တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီး စစ်င်္ဘောများ ဝင်ရောက် လာသောကြောင့် ကျေးရွာ ၇ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘောအုပ်စုသည် မောင်းမကန်ကမ်းခြေအနီး ရောက်ရှိလာသောကြောင့် ပန်းတက်အင်းရွာ၊ ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာ၊ ကရင်ကြီး ကန်းပနီရွာနှင့် မောင်းမကန်ရွာတို့မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
“မောင်းမကန်ဘက်ကို စစ်သင်္ဘောတွေ ရောက်လာလို့ အနီးတဝိုက် ကျေးရွာက ပြည်သူတွေ ကြောက်လန့်ပြီးထွက်ပြေး နေကြပါတယ်။ ညနေ ၅ နာရီလောက်က ရောက်လာတာ စစ်သင်္ဘောလာရင် ကုန်းကြောင်းက စစ်ကြောင်းထိုးလာတတ်လို့ ပြည်သူတွေ ပြေးနေရတာပါ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။