စစ်ကိုင်းတိုင်း၊မော်လူးမြို့မှ မြို့မဈေးမီးလောင်မှုသည် လျှပ်စစ်ဝါယာရှော့ကြောင့်ဟု ကနဦးသိရှိထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။
မော်လူးမြို့မစျေးသည် ယမန်နေ့(ဇန်နဝါရီလ ၂၃ရက်) ညနေ ၅နာရီခန့်က စတင်လောင်ကျွမ်းပြီး ဆိုင်ခန်းအများစုမီးလောင်ပျက်စီးခဲ့သည်။
“ဈေးက မြို့ရဲ့ အဓိကဈေးပဲ။ဝါယာရှော့ကြောင့်ပါ။လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့တော့ တာဝန်ရှိသူတွေလုပ်နေကြပါတယ်”ဟု မော်လူးမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။
ဈေးမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုမူ မသိရှိရသေးပေ။
” တော်တော်လေးဆုံးရှုံးမှုများပါတယ်။ ဘာတတ်နိုင်မလဲ။ မြို့ခံတွေအားနဲ့ ပြန်ထူထောင်ရမှာပဲ”ဟု မော်လူမြို့ခံတစ်ဦးကပြောသည်။
မော်လူးမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။ စစ်ဒေသ(၁) ၏ကွပ်ကဲမှုဖြင့် KIA၊ ABSDFနှင့်PDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မြို့ကိုထိန်းချုပ်ထားသည်။