ထိုင်းနိုင်ငံ မဲဆောက်မြို့ အနာဂတ်သစ်ရပ်ကွက်အမှိုက်ပုံကြီးတွင် နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့က ဦးဆောင်ပြီး The Knight Music Band တို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် တော်လှန်ရေးရန်ပုံငွေ ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တော်လှန်ရေးရန်ပုံငွေပွဲမှ ရရှိသည့် ထောက်ကူငွေများကို နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့က ဧပြီလ ၇ ရက်နေ့တွင် လက်ခံရရှိခဲ့ပြီး ရရှိသည့် ထောက်ကူငွေများကို မြေပြင်တပ်ဖွဲ့နှစ်ခုသို့ သွားရောက်ပို့ဆောင်မည်ဖြစ်ကြောင်း နွေဦးတမာန်တော်လှန်ရေးထောက်ပို့ပြန်ကြားရေး CDMကျောင်းဆရာ နွေဦးနိုင်(ပဲခူး) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။