ကချင်ပြည်နယ် မံစီမြို့နယ် အူလန်ပါကျေးရွာဒေသရှိ ခလရ (၂၅၀) စစ်ကောင်စီတပ်ရဲ့ စခန်းတစ်ခုကို KIA က ဒီကနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မနက် ၆ နာရီဝန်းကျင်ကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ (၃) လက်အောက်ခံ ပူးပေါင်းတပ်ရင်းတွေက သွားရောက်တိုက်ခိုက်တာဖြစ်ကြောင်း သိရပါတယ်။
KIO ပြန်ကြားရေးဌာနကလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းဖော်ပြထားပြီး ကျေးရွာပြည်သူတွေဟာ ယခင်ကတည်းက စစ်ရှောင်နေရတဲ့ ကျေးရွာတွေဖြစ်တာကြောင့် ပြည်သူထိခိုက်မှု မရှိကြောင်း သိရပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ကနေ မံစီဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အသံတွေ ကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။