ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကိုက်ထိပ်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၆၀၂ တပ်စခန်းကို KIA က ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကိုက်ထိပ်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၆၀၂ တပ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ပြီး ညနေ ၅ နာရီထိတိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။
” ဒီနေ့ မွန်းလွဲ ၁၁ နာရီလောက်က စတင်ပြီး မံစီမြို့နယ် ကိုက်ထိပ်ရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ-၆၀၂ တပ်စခန်းကို KIA+KPDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေပါတယ်။ ညနေ ၅ နာရီ ထိတိုက်ပွဲ ပြင်းထန်နေတုန်းပဲ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ” ဟု KIA သတင်းရင်းမြစ်ကပြောဆိုသည်။