ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မန်ဝိန်းကြီးတပ်စခန်းကို KIA က ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိ ပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
“ဒီမနက်ပဲ သိမ်းပိုက်ရရှိတယ်။ စစ်သားအလောင်း ၁၀ လောင်းကျော်တွေ့တယ်။ ကျန်တာ တွေက ထွက်ပြေးတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။ စိစစ်နေတုန်းပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ မန်ဝိန်းကြီးစခန်းကို သိမ်းပိုက်ရရှိပြီးနောက် စစ်တပ်က တိုက် လေ ယာဉ် ဖြင့် ဗုံးကျဲသွားကြောင်း၊ လတ်တလောတွင် KIA က စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။
“စစ်ခွေးတွေက လေယာဉ် ၂ စီးနဲ့ အခုလေးတင်ပဲ ဗုံးကျဲသွားတယ်” ဟု KIA သတင်း ရင်းမြစ်က ပြောဆိုသည်။