ကချင်ပြည်နယ်၊ မံစီမြို့ အခြေစိုက် စစ်ကောင်စီ၏ခလရ ၆၀၁ တပ်ရင်းရှေ့တန်းစခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သောတော်လှန်ရေးတပ်များက ယနေ့(မေလ ၉ရက်) နံနက်၌ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်များကပြောသည်။
တပ်ရင်းမှူးထိုင်သည့် အဆိုပါ ရှေတန်းစခန်းကို နံနက် ၉နာရီခန့်တွင် သိမ်းယူလိုက်ခြင်းဟုစုံစမ်းသိရသည်။
KIA နှင့်KPDFသည် မေလ ၇ရက်ကလည် မံစီမြို့မရဲစခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
KIAသည် မံစီမြို့ရှိ စစ်ကောင်စီ၏ အဓိက စခန်းဖြစ်သော ကိုက်ထိပ်တောင်ပေါ်မှစခန်းကို ဖေဖော်ဝါရီလကသိမ်းယူခဲ့ပြီး ယခုအခါ မံစီမြို့နယ်ထဲမှ စခန်းများကို ထပ်မံတိုက်ခိုက်သိမ်းယူနေခြင်းဖြစ်သည်။
ယခုရက်ပိုင်းတိုက်ပွဲများအတွင်း မိုးမောက်မြို့နှင့် မံစီမြို့ကို ထိန်းချုပ်နိုင်ပြီဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ KIA က မတ်လ ၇ ရက်မှစ၍ ထိုးစစ်ကိုအရှိန်
မြှင့်ပြီးနောက်ပိုင်း နှစ်လအတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊အထိုင်စခန်းကြီးများ စစ်စခန်းပေါင်း တစ်ရာဝန်းကျင်ကိုသိမ်းပိုက်ပြီးဖြစ်သည်။