မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုဖြစ်သော မြင်ခြံခရိုင်တပ်ရင်း၇ Zero ပြောက်ကျားတပ်ဖွဲ့က ငွေကျပ် သိန်း၂၀၀၀ အာဠာဝက Challenge ပြုလုပ်နေပြီး ပြည်သူများ ပါဝင် ဖိတ်ခေါ်လိုက်သည်။
“ကျနော်တို့ တို့ ဒီချဲလင့်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ရရှိလာတဲ့ ငွေကြေးများကို မြေပြင်မှာ လိုအပ်ချက်များဝယ်ယူဖြည့်တင်းပြီးတော့ အာဠာဝကစစ်ဆင်ရေးဆင်နွှဲမှာဖြစ်တဲ့အတွက် ပြည်တွင်း၊ပြည်ပမှအလှူရှင်များအားလုံးပါဝင်လှူဒါန်းဖို့ရာ တို့ဖိတ်ခေါ်အပ်ပါတယ်” ဟု မြင်းခြံခရိုင်Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက ပြောဆိုသည်။