မြင်းခြံကနေ နွားထိုးကြီးလမ်းအတိုင်း မောင်းနှင်လာတဲ့ အကြမ်းဖက် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကားတစီး ပျက်စီးပြီး အကြမ်းဖက် စစ်သား ၃ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Natogyi People Defenceက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအကြမ်းဖက် စစ်ကား ၂စီးကို အောက်တိုဘာ ၂ရက် ညနေ ၄နာရီဝန်းကျင်က Natogyi People Defence မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးခဲ့တယ်ဆိုတာနဲ့ အကြမ်းဖက် စစ်သား ၃ဦးထက် မနည်းသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်က သေဆုံး ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တာကြောင့်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လှည့်ပစ်ခတ်ခဲ့ပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာတိုင်ခဲ့တယ်လို့ သိရပါတယ်။
Natogyi People Defence မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းအနေနဲ့ စစ်ရေးအရှိန်မြင့် လုပ်ရှားလာတဲ့အတွက် လက်နက်/ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းအားဖြည့်ဖို့အတွက် ပြည်သူတွေဘက်ကလည်း တတ်နိုင်တဲ့ ဘက်က ပါ၀င်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။