စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင် မြင်းခြံခရိုင် တပ်ရင်း၇ Zero ပြောက်ကြားတပ်ဖွဲ့ရှိ တပ်သား ၈၀ ကျော်ကို တစ်ဦးလျှင် လက်နက်အပြည့်အစုံနှင့် စစ်ယူနီဖောင်း ၃စုံစီ ပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း Zero ပြောက်ကြားတပ်ဖွဲ့နှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ များထံမှ သိရှိရသည်။
အဆိုပါအခမ်းအနားကို ယနေ့ မေလ၂၁ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လက်နက်အပြည့်အစုံပေးအပ်ခဲ့ကာ ယူနီဖောင်း၃စုံသည် ကာလပေါက်ကြေး ၁၂သိန်းနီးပါး တန်းကြေးရှိကြောင်း သိရှိရသည်။
“တပ်ဆင်တာကတော့ လက်နက်နဲ့ ယူနီဖောင်းတို့၊ ကျည်ကာတို့ ၊ကျည်ကာဦးထုပ်တို့ ၊ဖိနပ်တို့တပ်ဆင်ပေးတာ ဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ ပြည်တွင်း၊ပြည်ပက အလှူရှင်တွေကိုရော ကျေးဇူးအထူးတင်ပါတယ်။ အဓိက ဒီပွဲလေးကို CSCအဖွဲက စီစဉ်တာပါ။ကျွန်တော်တိုအဖွဲ့မှာ ရှိတဲ့ ရဲဘော်၈၀ကို အားလုံးအပြည့်အစုံတပ်ဆင်ပေးတာပါ ။ ယူနီဖောင်းအမျိုးအစားတွေက ကွန်မာဒို ယူနီဖောင်းရယ်၊နွေရာသီယူနီဖောင်းရယ်၊ကျည်ကာဦးထုပ်၊ ကျည်ကာ ယူနီဖောင်း အပြည့်စုံ တပ်ဆင်ပေးတာဖြစ်တယ်”ဟု Zeroပြောက်ကြားတပ်ဖွဲရဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောကြားသည်။