မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း MGN-35 ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်း ကျောက်ကန်ကျေးရွာနှင့် ထန်တောကြီးရွာအကြားတွင် တော် လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲခဲ့တာက ၂၁ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာလောက်မှာဆွဲခဲ့တာဗျ၊ ၂၀ ရက်နေ့က မြင်းခြံမြို့ နယ်၊ ဘလဲ့ကျေးရွာကနေ မန်းကျီးစုကျေးရွာကို ဝင်ပြီး အိမ်တစ်လုံးကို မီးရှို့တယ်၊ သက်ကြီးရွယ်အိုတွေ ကို ရိုက်နှက်ပြီး အမျိုးသမီးတွေ၊ အဖွားအရွယ်တွေရဲ့ နားကပ်ကို ဖြုတ်ယူသွားတယ်၊ ပြီးတော့ ပြည်သူ တွေကို ဓားစာခံဖမ်းခေါ်ပြီး ရွာသာယာဘုန်းကြီးကျောင်းမှာ တစ်ညအိပ်တာ၊ ၂၁ ရက်နေ့ကျ ကားနဲ့ မြင်းခြံဘက်ကို အသွား မြင်းခြံ-နဘူးအိုင်လမ်းမပေါ် ထန်းတောကြီးရွာနဲ့ ကျောက်ကန်ရွာကြားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ၊ သေဆုံးမှုတော့ အတည်မပြုနိုင်သေးဘူး၊ မျက်မြင်တွေပြောတာတော့ ကား ပေါ်မှာ လေးယောက် ပက်လက်ကြီး မလှုပ်မယှက်ပါသွားတယ်လို့ ပြောတယ်၊ အခုက ယုန်တိုးရွာကို ရောက်ပြီးတပ်စွဲထားတယ်” ဟု MGN-35 ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်သားများ လိုက်ပါလာသော ကားမှာ ထိမှန်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်သားများလည်း ထိခိုက်မှုရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို MGN-35 ပြောက်ကျား တပ်ဖွဲ့နှင့် ဒေါင်းမင်းတမာန် အထူးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။