မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ တလုပ်ကျေးရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန် ကြားရေးတာဝန်ခံက ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်အချိန် ဆီမီးခုံမြို့မှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃၀ ခန့်လိုက်ပါလာသည့် ၆ ဘီးကားတစ်စီးကို ဆီမီးခုံ- တလုပ်လမ်းမပေါ် ကတောရွာနှင့် ရွာရှည်ကျေးရွာကြားအရောက် ၇ လုံးတွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“မိုင်းဆွဲခံရပြီးတော့ စစ်ခွေးတွေဘက်က ရမ်းသမ်းပစ်ခတ်ပြီး အနီးအနားတဝိုက်ကို တောနင်းရှာဖွေတာ တွေလုပ်ခဲ့ပါတယ်၊ ဆီမီးခုံမြို့ကနေ ကျားတိုင်းရွာဘက်သွားတာ၊ မိုင်း ၇ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာ၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန် ကြားရေးတာဝန်ခံက ပြောကြားသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myingyan Pitohui -9 ၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ၊ PDF Taloke ၊ ဒေါင်းမင်းတမန်ပြောက်ကျားတပ်ဖွဲ့ နှင့် MGN တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူမြို့ ခပေါင်းခန်းမ၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Bago Region PDF ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ၂၄ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်အချိန် တောင်ငူမြို့၊ မိုင်ဒါကွင်း မြောက်ဖက် မင်း ကြီးညိုလမ်း အရှေ့ဖက်ရှိ ခပေါင်းခန်းမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ၎င်းတို့နှင့် အနီးကပ်ဆုံးနေရာအထိ သွားရောက်ပြီး မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး လူနာတင်ကား ၃ စီး ရောက်ရှိ လာကာ တင်ဆောင်သွားကြောင်း သိရသည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ တပ်စွဲထားရာနေရာကို မြို့သူ၊မြို့ သားများ ဝင်ရောက်ခွင့်မပေးဘဲ ပိတ်ထားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများက မိုင်ဒါကွင်းတောင်ဖက်ရှိ ၂၁ ရပ်ကွက်၊ ဇေယျာခင်ဦး ၁ လမ်းအတွင်းရှိ ဗလီသို့ ဝင်ရောက်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ သေနတ် များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို တောင်ငူမြို့ဒေသဆိုင်ရာ မြို့ပြအထူးပျောက်ကြားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်းကြောင်း သိရသည်။