မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်ရှိ ကုက္ကဲနယ်မြေရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ် နှစ်စင်းဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ(မြင်းခြံ)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကုက္ကဲရဲစခန်းကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀နာရီခွဲမှ ညနေ ၃နာရီအထိ Shar Htoo Waw နည်းပညာသုံး Fixed Wing Drone မောင်းသူမဲ့လေယာဥ်ငယ် နှစ်စင်းဖြင့် ၆၀၀ ဂရမ် ဗုံးသီး ၁၀လုံးချတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ(မြင်းခြံ) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကုက္ကဲရဲစခန်းမှာ အင်အား ၂၀ လောက်ရှိတယ်။ နောက်ထပ် အယောက် ၃၀ကျော် လာပူးပေါင်းတယ်လို သတင်းရလို သွားချခဲ့တာပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ စစ်သားနှင့်ရဲ သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ(မြင်းခြံ)က ပြောသည်။
သိုသော် လေယာဉ်ငယ် တစ်စင်းမှာ စက်ချိုယွင်းမှုကြောင့် စစ်အုပ်စု စခန်းအနီးတွင် ပျက်ကျခဲ့သော်လည်း အရဲစွန့်ကာ ပြန်လည်ကောက်ယူခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ(မြင်းခြံ)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကြောင့် ပြည်သူများအနေဖြင့် တက်အားသရွေ့ထောက်ပံ့ကူညီပေးကြရန် နဂါးနီပြောက်ကျားတပ်ဖွဲ(မြင်းခြံ)က မေတ္တာရပ်ခံထားသည်။
အဆိုပါတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ(မြင်းခြံ)နှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ(မြင်းခြံ)တို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း မြင်းခြံမြိုနယ်၊ ညောင်တိုပျူရွာအား ဒရုန်းဖြင့် ဗုံးသီးအလုံး၂၀ ကျော်ချကာ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း မြင်းခြံမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲက ထုတ်ပြန်ထားသည်။