စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့ရှောင်လမ်းတွင် စစ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၅၁ မိနစ်ခန့်တွင် မြင်းမူမြို့၊ မြို့ရှောင်လမ်းတွင် စစ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ် ၂ စီးမှာ တာယာပွင့်ထွက်သွားပြီး စစ်သား ၂ ဦး သေဆုံးပြီး ကျန် စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ People’s Knight Defense Force Myinmu(PKDF.MMU) မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ၊D.B.B.F.MMU စသည့်မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။