စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မြောင်လမ်းခွဲအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင်၊အမှတ် (၂) တပ်ရင်းမှ ဒီနေ့ ရက်စွဲနဲ့ တိုက်ပွဲသတင်းထုတ်ပြန်ထားပါတယ်။
ဘိုးမင်းကြီးကင်းရွာအနီး အကြမ်းဖက် စစ်တပ်ရဲ့ မြောင်လမ်းခွဲ အထိုင်စခန်းကို အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီအချိန်မှာ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များမှ ဒရုန်းအသုံးပြု ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရန်သူ တပ်ဖွဲ့ဝင် ၈ ဦးထိခိုက်ခဲ့တဲ့အနက် ၂ ဦးမှာ စိုးရိမ်စရာအခြေအနေရှိ ခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး ၊လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ပေမယ့်၊ အထိအခိုက် မရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ရဲဘော်များရဲ့ လုံခြုံရေး နှင့် နယ်မြေအခြေအနေများအရ သတင်းတင်ပြမှုကို အချိန်ခွာ ထုတ် ပြန်ရခြင်းဖြစ်ပြီး၊ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ်(၂)တပ်ရင်းရဲ့ ဦးဆောင်မှုနှင့်အတူ Ghost Team Ranger Myinmu(GTR MMU) ၊Black Eagle Defence Force၊မြင်းမူ ပလဖ တို့မှ ပူးပေါင်းဆောင်ရွက် ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။