စစ်ကိုင်တိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ -EagleGuerilla Force ဗိုလ်ကောက်ရိုး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်း အင်အား ၈၀ ကျော်ဖြင့် တပ်စွဲထားသော မြင်းမူမြို့နယ်၊ ထီး ဆောင်းကျေးရွာရှိ အကြမ်းဖက်စစ်သားများပေါ်သို့ ဒရုန်းနှစ်စီးဖြင့် နံနက် ၇ နာရီ ၅၅ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၈ နာရီ ၄၇ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၉ နာရီ ၃၈ မိနစ်တွင် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ် နေရာများကို ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်မှုရှိနိုင်ကာ အတိအကျသိရှိနိုင်ရန်စုံစမ်နေဆဲဖြစ် ကြောင်း သိရသည်။
“ထီးဆောင်းစခန်းမှာက ခွေးအင်အား ၈၀ ကျော်လောက်ရှိသေးတယ်၊ ဒရုန်း ၂ စီးနဲ့ ၃ ခေါက်နှုန်းချတာ၊ ပစ်မှတ်ထဲကျတဲ့ဗုံးသီးတွေ၊ ဘေးလွဲကျတဲ့ ဗုံးသီးတွေရောရှိတယ်ဗျ၊ ကျနော်ဗုံးချတဲ့အချိန်တုန်းက လေတော်တော်တိုက်နေတော့ ဗုံးသီးက လေထဲပါသွားတာ၊ အဲလိုမို့ကြောင့် တစ်ချို့အလုံးတွေက ပစ် မှတ်လွဲသွားတယ်၊ စစ်ခွေးတွေဘက်က နောက်ဆုံးတစ်ခေါက်ချပြီးတော့မှပဲ ပြန်ပစ်တယ်၊ ထိခိုက်သေ ဆုံးမှုကတော့ စုံစမ်းနေတုန်းပဲ၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ -EagleGuerilla Force ဗိုလ်ကောက်ရိုး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ -Eagle Guerill Force ဗိုကောက်ရိုးအဖွဲ့၊ ကျောက်ဆည် နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ ဆားတောင်မိုးကြိုး LPDF ၊ အောင်သပြေ LPDF ၊ မိုးညို LPDF တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။