စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးနှစ်ခုကို PDF ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် ဗုံး သီး ၃၆ လုံးခန့် ကြဲချလက်စားချေတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် GTR-MMU တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်နေသည့် မြင်း မူရဲစခန်းနှင့် ထွေအုပ်ရုံးပေါ်သို့ ဒရုန်း ၉ စီးဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့ကြကြောင်း GTR-MMU တပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။
“ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဗုံးသီး ၃၆ လုံးနဲ့ ကြဲချတိုက် ခိုက်ခဲ့တာပါ။ အဆောက်အဦးတွေတော့အတော်ပျက်စီးသွားတယ်။ မြင်းမူက ညီအစ်ကိုတွေသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး လက်စားချေတိုက်ခိုက်တာပါ”ဟု တပ်ဖွဲ့၏တာ၀န်ခံမှ ပြောကြားခဲ့သည်။
ဒရုန်းစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ Ghost Team Ranger Myinmu (GTR MMU)၊ ၁၈၀၁ တပ်ရင်း Federal Wings တပ်ခွဲ ၃၊ ကျောက်ဆည်ခရ်ုင် တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ Myinmu Defence Force-MMDF ၊ မြင်းခြံခရိုင်တပ်ရင်း ၆၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ Lighting Drone Force၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ SAF ကျောင်းသားလက်ရုံးတပ်၊ စစ်ကိုင်းခရိုင် ပကဖ စသည့်ပူးပေါင်းအဖွဲ့တို့က ပြုလုပ်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။