စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းပေါ်ရှိ ခြေရာတော်ရွာအနီး တွင် စစ်တပ်က တော်လှန်ရေးရဲဘော် ၂၂ ဦးနှင့် ပြည်သူ ၃ ဦးကို ဖမ်းဆီး၍ အစု လိုက်အပြုံလိုက် သတ်ဖြတ်သွားကြောင်း မြောင်မြို့နယ် တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီး ကင်းရွာမှ မှ ထွက်ခွာလာသော စစ်တပ်နှင့်ပျူစောထီးများက ခြေရာတော် ကျေးရွာ အနီး မြင်းမူ-မြောင်လမ်းပေါ်တွင် သွားလာနေသည့် စစ်ဘေးရှောင် ပြည်သူများနှင့် ရဲဘော်များကို ဖမ်းဆီး၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခု ကျနော်တို့ ဖြစ်စဉ်ကို သေချာ စိစစ်နေတယ်။ သေချာတာက တော်လှန်ရေး ရဲဘော်တွေက ပြည်သူတွေကို ကူညီကယ်ထုတ်ရင်း အလစ် အငိုက် အဖမ်းခံရပြီး အသတ်ခံရတာ။ ရက်ရက်စက်စက် အသတ်ခံလိုက် ရတယ်” ဟု မြောင်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။
မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ ကိုနွေဦး ကမူ ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်း မြင်းမူမြို့နယ်၊ ခြေရာတော် ကျေးရွာအနီး မြင်းမူ-မြောင် လမ်းပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများက PDF ရဲဘော် ၂၆ ဦးကို ပစ်ခတ်သဖြတ်ခဲ့ကြောင်း ၊ အဆိုပါ ရဲဘော် များ မှာ မြောင်မြို့နယ်တော်လှန်ရေးတပ်- Myaung Revolution Army နှင့် Black Eagle Defence Force MMU တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောဆိုသည်။
“မြောင်က MRA အဖွဲ့ရယ်၊ မြင်းမူက Blcak Eagle အဖွဲ့က ရဲဘော်တွေ၊ အား လုံး ၂၆ ယောက်ပါ” ဟု ကိုနွေဦး ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။