ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့်၀ိုင်းမော်မြို့တို့သို့ လျှပ်စစ်ဓာတ်အားပေးပို့နေသော ၆၆ ကေဗွီဓာတ်အားလိုင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြတ်တောက်သွားကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့သို့ လျှပ်စစ်မီးပေးနေသော ဘူးဂါးလျှပ်စစ်လုပ်ငန်းက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့ တွင် မလိစက်ရုံမှ ဓါတ်အားပို့လွတ်လျှက်ရှိသော ၆၆ကေဗွီ ဓါတ်အား
လိုင်းသည် စစ်မက် ဖြစ်ပွားခြင်းကြောင့် ဓါတ်အား လိုင်းကြိုး ပျက်ကျသည်ဟု သိရှိ ယူဆရပါသဖြင့် ဓါတ်အားပို့လွတ်၍ မရသည့် အခြေအနေ နှင့် ကြုံတွေ့နေရကြောင်း၊ မြစ်ကြီးနားခွဲရုံ ၃ မှ ဖြန့်ဖြူးသည့် ရပ်ကွက် များတွင်ပါဝင်သော လျှပ်စစ်ဓါတ်အား သုံးစွဲ သူ မိဘပြည်သူများသည် အောက်ပါဇယားတွင်ဖော်ပြ ထားသည့် အတိုင်း (၄)နာရီခြား အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း ကြေညာထားသည်။
“မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကြားမှာ စစ်တပ်က လေယာဉ်တွေနဲ့ တောက် လျှောက် ဆိုသလို ဗုံးတွေကျဲနေတာကြောင့် ဓာတ်အားလိုင်းတွေ ပြတ် တောက်ကုန်တယ်။ ပြင်ဖို့ကလည်း မလွယ်တော့ ပြည်သူတွေတော့ မီးတွေ မရ မသုံးနိုင်မယ့် အခြေအနေ ဖြစ်နေတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။