မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၄ ရက်နေ့နံနက် ၁၁ နာရီအချိန်၌ အသက် ၂၆ နှစ်အရွယ် ကလေးတစ်ယောက်၏ ဖခင် တက်တူးဆရာ ကိုဝေဖြိုးအား PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။
“မနေ့ မနက် ၁၁ နာရီဝန်ကျင်းမှာ တက်တူးဆရာအိမ်ကို စကစတွေ ဝင်လာပြီး ရိုက်နှက်ဖမ်းသွားတယ်။ PDF မဟုတ်ဘူး တက်တူးထိုးစား နေတဲ့သူ”ဟု ပြောသည်။
၎င်းအား စစ်တပ်စစ်ကြောရေးစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးမြေးမြန်းမှုများပြုလုပ်နေကြောင်း သိရသည်။