မြစ်ကြီးနားမြို့တွင် KSCM ကချင်ပြည်နယ် လူထု သပိတ်ကော်မတီ က ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို မြစ်ကြီးနားမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် ဦးချိုသားနှင့် ကိုဇင်မင်းထက်တို့ ကျဆုံးခဲ့သော နေရာတွင် သွေးရောင်ဆေးများ ပက်ဖြန်းခြင်း ဘန်နာ ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖက်ဆစ် စစ်တပ်ကို တန်ပြန်တော်လှန်သည့် ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ကချင်ပြည်နယ်ဒေသ တစ်လွှား တော်လှန်နေကြသော ပြည်သူ့ဘက်တော်သားများကို ထောက်ခံသည့် အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။