မြစ်ကြီးနားအကျဉ်းထောင်တွင်း အကျဉ်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများ အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုသည့် “သံဖြတ်လွှ”ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဧပြီလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့သူအဖွဲ့သားများ၊နိုင်ကျဉ်းဟောင်းများ၊တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။