ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မြန်မာကျောင်းသားကျောင်းသူများ စုပေါင်း၍ မြန်မာနိုင်ငံအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှု ဖြတ်တောက်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံကမ်ပိန်းတွင် “အကြမ်းဖက်စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့ရောင်းချနေမှုများကို ပိတ်ဆို့ဖြတ်တောက်ပေးရေး Ban Jet Fuel Exports to Burma” စာသားကိုင်ဆောင်၍ တောင်းဆိုလှုပ်ရှားကြကြောင်း သိရှိရသည်။