မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ တာဝန်ရှိသူများက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR နှင့်အတူ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက သတင်း ထုတ် ပြန်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ခိုလှုံရာစခန်းများတွင် ရွှေ့ပြောင်းနေထိုင် နေရသည့်ပြည် သူများက ၎င်းတို့၏ မျှော်လင့်ချက်များနှင့် စိန်ခေါ်မှုများကို ပြောကြားခဲ့ကြ ကြောင်း သိရှိရသည်။