မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကျောင်းသားတစ်ဦး မေ ၂၆ရက်မှာ တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဒေသအမှတ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ စတုတ္ထနှစ် (Nautical Science) မေဂျာက ကျောင်းသားတဦးဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း တော်လှန်ရေးအတွက် အသက်ပေးလှူသွားတဲ့ တော်လှန်ရေးအတွက် အဆုံးစွန်ထိ စွန့်လွှတ်သွားတဲ့ ရဲဘော်ကို အလေးပြုတယ်လို့ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။