မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ၇ ကြိမ်မြောက်အဖြစ် ” အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး”ဓာတ်ပုံလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးဆောင်၍ အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို အချိန်နှင့် တစ်ပြေးညီ ပြင်ပဆေးရုံများကို ပို့ဆောင်ပေးခြင်းမရှိသည့်အတွက် အလားတူဖြစ်စဉ်မျိုး ထပ်မံမ ဖြစ်ပေါ်စေရန် “အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး”ဓာတ်ပုံ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ နိုင်ငံရေး အကျဉ်းသား /သူ ၈ ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။