ဥရောပ သဂ္ဂ EU အနေနဲ့ မြန်မာအကျပ်အတည်း အတွက် ပံ့ပိုး ကူညီပေးဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟင်ဒါ နုကာရာ ကတောင်းဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ မှာပြုလုပ်နေတဲ့ ၂၄ ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးများ အစည်းအဝေး (AEMM) ကနေတဆင့် ပန်ပရီ ဘာဟင်ဒါ နုကာရာ တောင်းဆိုခဲ့တာပါ။
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ ဖြေရှင်းဖို့ အတွက် စုပေါင်းချဉ်းကပ်မှု တစ်ခု အာဆီယံ နဲ့ အီးယူ ပူးပေါင်းလုပ်ဆောင်ဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာ ပဋိပက္ခဖြေရှင်း ဖို့ အတွက် အဖွဲ့အစည်းအားလုံးပါဝင်ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ နိုင်ငံ တကာအသိုက်အဝန်း နဲ့ ဥရောပသမဂ္ဂ က ပါဝင်ကူဖို့ လည်း ပြောဆိုခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေး ပွဲ ဖြစ်တွေ ဖြစ်မြောက်လာဖို့ အတွက်ထိုင်း နိုင်ငံ ကပထမဆုံးခြေလှမ်း အနေနဲ့ လုပ်ဆောင်နေတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေ ကို ထောက်ပံ့ပေးမယ့် လူသားချင်းစာနာထောက်မှုဆိုင်ရာ စင်္ကြံ ဖော်ဆောင်ရာမှာ လည်း ပူးပေါင်းပါဝင်ပေးဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး က EU ထံတောင်းဆိုခဲ့ပါတယ်။
“အာဆီယံနဲ့ အီးယူဟာ အပြောင်းအလဲတွေ ဖန်တီးဖို့ အတူတကွ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ လည်း ပန်ပရီ ဘာဟင်ဒါ နုကာရာ ပြောကြားခဲ့ပါတယ်။
စစ်ဘေးကြောင့် တိမ်းရှောင်လာရတဲ့ မြန်မာ နိုင်ငံသား တွေအကူအညီပေးဖို့ လူသားချင်း စာနာထောက်ထားမှု စင်္ကြံ ကို တက်ခ် ခရိုင် မှာ ပြုလုပ်မယ်လို့ ဆို ထိုင်းနိုင်ငံခြားရေး ဝန်ကြီး လည်းဖြစ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပန်ပရီ ဘာဟင်ဒါ နုကာရာ ကပြောကြားထားပါတယ်။