မြန်မာ-ထိုင်းနယ်စပ် ဒေါနုကူးစစ်ရှောင်စခန်းကို စစ်ကောင်စီကယမတ်နေ့ညတွင် ဗုံးကျဲခဲ့ပြီးပြည်သူအချို့ထိခိုက်သေဆုံး မှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြော သည်။
ယနေ့(ဇူလိုင် ၁၂ ရက်)နံနက် အစောပိုင်း ကရင်နီ(ကယား)ပြည်နယ်မှ စစ်ဘေးရှောင်စခန်း ကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဗုံးကျဲခဲ့ခြင်းဖြစ်သည်ဟုစစ်ဘေးရှောင်များကိုကူဘီပေးနေသူများက ပြောသည်။
“ပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိပြီး၊ သေဆုံးမှုလည်းရှိပါတယ်။အသေးစိတ်စာရင်းတော့ မရသေးဘူး”ဟု ကရင်နီစစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။
ဖားဆောင်း၊ရွာသစ်၊မယ်စဲ့ မြို့တိုက်ပွဲများကြောင့်ထိုင်း-မြန်မာနယ်စပ်သို့ ကရင်နီဒေသခံ ပြည်သူ ၈,၀၀၀ ထက်မနည်းစစ်ဘေးရှောင်နေရသည်။
“ညသန်းခေါ်ကျော် ကျောက်စုရယ်၊ ဒေါနိုးကူးရယ် မရှေ့မနှောင်း ဗုံးကျဲတယ်။ သူရွေးတဲ့ ပစ်မှတ်က ကျောင်း၊ ဆေးရုံဆေးခန်း နှင့် ဘုရားကျောင်းတို့ ဖြစ်တယ်”ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။
ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရိက္ခာလမ်းကြောင်းဖြတ်တောက်ထားသည့်အတွက်စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်မှု ပိုစိပ်လာနေကြောင်းလည်း ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က အသိပေးသည်။
ဇွန်လတစ်လအတွင်း၌ ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုနှင့် စစ် ကြောင်းထိုးစဥ် သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ(၃၃)ဦး ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF က ထုတ်ပြန်ထားသည်။