ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဝန်ထမ်းများထဲမှာ ပြန်တမ်းဝန်အရာ ရှိများအား သြဂုတ်လ နောက်ဆုံးပတ်အတွင်း တပ်မ ၂၂ ဌါနချုပ်တွင် သင်တန်းတက်ရောက်ရန် စစ်ကောင်စီက ညွန်ကြားထားကြောင်းသတင်းရရှိသည်။
“ သေချာသွားပြီးဒီတပတ်အတောအတွင်းမှာ ပြန်တမ်းဝင်အရာရှိ တွေ တပ်မ ၂၂ ဌါနချုပ်မှာ သင်တန်းတက်ရမယ်” ဟုအမည်မဖော်လို့သည့် မြဝတီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနမှ အရာထမ်း တဦးက ပြောသည်။
ဦးစီးအရာရှိမှစ၍ ညွန်ကြားရေးမှူးချုပ်အထိ အားပြန်တမ်းဝင်အရာရှိအဖြစ်သတ်မှတ်ထားပြီး ပြန်တမ်းဝင် အရာရှိများသင်တန်းတက်ပြီးပါက အမူ့ထမ်းများပါသင်တန်းတက်ရမည်ဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွင်းအင်အားလျော့နည်းလာသည့်အတွက် စစ်ကောင်စီလက်အောက် တွင် တာဝန်ထမ်းဆောင်နေသော အရပ်သား ဝန်ထမ်းများအား စစ်ပညာသင်ပေးကာ စစ်တပ်၏အရန်အင်အား အဖြစ်အသုံးပြုရန်စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။