ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေအေးမြိုင် ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁ နာရီခွဲခန့်က အကြမ်းဖက် စစ်သား များ တပ်စွဲထားရာ ရွှေမြိုင်အေးဘုရားကုန်းရှိ အကြမ်းဖက်စစ်သားများကို ပြောက်ကျား စစ်ဆင်ရေးအဖြစ် ၄၀ မမ လက် နက်ကြီးဖြင့် ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၅၅၉ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခြေအနေအရ ၂ လုံးပဲ ပစ်နိုင်ခဲ့ပါတယ်၊ စစ်ခွေးအင်အားကတော့ ကျောက်ခက်ကနေ ဝေါ်လေဘက် တလျှောက် နေရာတော်တော်များများမှာ တပ်ဖြန်ထားတာ၊ လက်ရှိဒဏ်ရာရတာကတော့ ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ယောက်ပဲ အတည်ပြုနိုင်ပါသေးတယ်။ ကျနော်တို့ရဲဘော် တွေအားလုံး ဘေးကင်း ပါတယ်” ဟု Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Cobra Column 2 VENOM စစ်ကြောင်းနှင့်အတူ KNLA 103 အဖွဲ့၊ KTLA ခေးပွေးဦးဆောင်အဖွဲ့များ ပူးပေါင်းကာ ပစ်ခတ်တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ၅၅၉ တပ်ရင်းကို တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။