ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး အရာရှိ တချို့ ထိခိုက်မှုရှိနိုင်ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။
” မောင်းသူမဲ့လေယာဉ်တွေ စတင်တာဝန်ထမ်းဆောင်နေပါပြီ။ မြဝတီမြို့ရှိ ၂၇၅ ထဲကိုမှာ အရာရှိ ၂ ဦး ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းကြားရပါတယ် ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။