ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထစခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီ ၄၈ မိနစ်တွင် ဥကရစ်ထ ဘုရားကုန်း စစ်တပ်စခန်းကို KNDO တပ်ရင်း ၈ မှ ရဲဘော်များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စခန်းအတွင်းကို ၄၀ မမ ၅ လုံး ပစ်ထည့်ခဲ့ကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း KNDO တပ်ရင်း ၈ မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် ခလရ-၆၁ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်းရေ တပ်ဖွဲ့များထံမှ သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေးမြို့အခြေစိုက် ခလရ-၆၁ တပ်ရင်းကို မွန်တော်လှန်ရေးတပ်(MSRF) ၊ ABSD တပ်ရင်း(၁) ၊ YGF ၊ ဒေါနစစ်ကြောင်း နှင့် KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ ၈၁ မမ ဗုံးသီး ၃ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ပစ်ခတ် တိုက်ခိုက်မှုသည် ၁ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး ခလရ ၆၁ တပ်ရင်းအတွင်းကို လူနာတင်ယာဥ် ၂ စီးဝင်ရောက် သွားပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသယ်ယူနေကြောင်း သိရသည်။