ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ စုကလိခြေကုတ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
စုကလိစစ်ဆင်ရေးခြေကုတ်စခန်းဟာ မြဝတီမြို့ တောင်ဘက်မှာရှိပြီး အင်အား ၅၀ ဝန်းကျင်ရှိပါတယ်။
” ဒီနေ့ တပ်မဟာ(၆)နယ်မြေထဲက စုကလိစခန်းကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီ၊ စခန်းက စခန်းအကြီးပေါ့” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်မှုမှာပါဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့ Special Operation Group-SOG ကလည်း စုကလိ ခြေကုတ်စခန်းကို သိမ်းယူလိုက်နိုင်ပြီဆိုတာကို သူတို့ရဲ့ဖေ့ဘွတ်ခ်ကနေ ဖော်ပြပါတယ်။
စက္ကန့်ပိုင်းသာ ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုကို SOG အဖွဲ့က ထုတ်ပြရာမှာ စုကလိစခန်းကိုသိမ်းယူလိုက်ပြီဆိုတာကို စခန်းမြင်ကွင်းနဲ့ လက်နက်ခဲယမ်းပုံအချို့ကို ဖော်ပြထားတာတွေ့ရပါတယ်။
စုကလိ ခြေကုတ်စခန်းဟာ ဒေါနတောင်တန်းအရှေ့ခြမ်း ရှိ စုကလိမြို့မှာ တည်ရှိသလို ထိုင်း − မြန်မာ နယ်စပ်လည်း နီးကပ်ပါတယ်။