မြိတ်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၃ ဦးအပါအဝင် အကျဥ်းသူ၊ အကျဥ်းသား ၈၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ မြိတ်အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြိတ်အကျဥ်းထောင်ကနေ အကျဥ်းသား ၇၄ ဦးနဲ့ အကျဥ်းသူ ၁၁ ဦးကို ဒီနေ့ နေ့လယ်ပိုင်းကပြန်လွှတ်ပေးခဲ့ပြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထောင်ချခံထားရသူ ၃ ဦးပါဝင်တယ်လို့ မြိတ်အကျဥ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်မှာတော့ အကျဥ်းသား ၆၀ ကျော်ပြန်လည်လွတ်မြောက်လာတယ်လို့ သိထားရပြီး နိုင်ငံရေးအကျဥ်းသား အချို့လည်း ပါဝင်တယ်လို့ ကနဦး သိရပါတယ်။
၇၆ နှစ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဥ်းသား ကိုးထောင်ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။