မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်က ပုဂံတောင်ပို့ရွာနဲ့ တုံးဗျောကြီးရွာကြားမှာ မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စကစဘက်က မိုင်းရှိနေတာကိုသိပြီးမိုင်းလာရှင်းတာ။ အဲဒီမှာ မိုင်းဆွဲလိုက်တာ။” လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်ကတော့ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ ကနဦးသိရပါတယ်။
တုံးဗျောကျေးရွာအုပ်စုဟာ မြိတ်မြို့နယ်ဧရိယာထဲကကျေးရွာဖြစ်ပေမယ့် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက ဇဝဲရွာအနီးမှာ တည်ရှိပါတယ်။