မြိတ်ခရိုင်၊တနင်္သာရီမြို့ဝင်ဗိုလ်ချုပ်ကြေးရုပ်အနီး၌တပ်စွဲထားသော ဖက်ဆစ်တပ်ဂိတ်ကို စက်တင်ဘာ ၂ရက်နေ့က ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့၏ အလစ်ငိုက် တိုက်ခိုက်ခဲ့သည်ဟု Dawei information center မှ သတင်းရရှိပါသည်။
စက်တင်ဘာ(၂)ရက်၊နံနက်(၈)နာရီ၌ လယ်တောင်ယာရွာ ပြည်ထောင်စုကားလမ်းမပေါ်မှာတနင်္သာရီ(ပကဖ)နဲ့မြိတ်ခရိုင်တပ်ရင်း(၂)မှတပ်ခွဲ(၂)တို့ပူးပေါင်း၍လမ်းသွားလာများကို လုံခြုံရေးအရစစ်ဆေးပြီးနောက်တွင် ၎င်းဂိတ်ကိုတိုက်ခိုက်ခဲ့ကြောင်းတနင်္သာရီ(ပကဖ)မှထုတ်ပြန်သည်။
ထိုပစ်ခတ်မှုမှာ(၁၅)မိနစ်ခန့်ကြာခဲ့ပြီး ၊ပြန်ဆုတ်ခွါခဲ့ပြီးနောက်ဖက်ဆစ်တပ်ဖက်မှလက်နက်ကြီးများဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် ပြည်သူနေအိမ်(၁)လုံး ပျက်စီးသွားခဲ့ရ ကြောင်း ၎င်း(ပကဖ)မှထပ်မံ ရေးသားဖော်ပြထားသည်။