မြိတ် – တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းအား လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ထားကြောင်းနှင့် ခရီးသွားပြည်သူများ သတိပြုသွားလာရန် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိိ ပေးချက်ထုတ်ပြန်သည်။
တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးတင်းမာမှု မြင့်တက်နေပြီး စစ်ကောင်စီဖက်မှလည်း လက်နက်၊လူအင်အားများ ဖြည့်တင်းနေကြောင်း၊ တော်လှန်ရေးအင်အားစုများမှလည်း လိုအပ်သည့်စစ်ရေးပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာ ၂၆ရက်) သတိပေးထားခြင်းဖြစ်သည်။
” မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းက လုံခြုံရေးအရ တော်တော်ကိုသတိထားရဖို့ ရှိလာတယ်။ အဓိကက ပြည်သူတွေအတွက် သတိပေးတာပါ”ဟု တနင်္သာရီစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါ အသိပေးထုတ်ပြန်ခြင်းအား လိုက်နာမှုမရှိပါက တာဝန်ဖြေရှင်းမည် မဟုတ်ကြောင်းလည်း လေးစားစွာ အသိပေးအပ်သည်ဟု တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိိ ပေးထားသည်။
ယခုအခါ တနင်္သာရီတိုင်းအတွင်း ပြည်ထောင်စုလမ်းပိုင်းအပြင် မွန်ပြည်နယ်နှင့် ထိစပ်နေသည့် ပြည်ထောင်စုလမ်းပိုင်း ၌လည်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။