မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၈ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ စစ်ကြောင်းထိုးနေပြီး ကျေးရွာနေပြည်သူများကိုလည်း ဖမ်းဆီး မှုများရှိသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၈ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အဆိုပါကျေးရွာ ၁၈ ရွာအတွင်းမှ ကျေးရွာ ၅ ရွာမှ ပြည်သူများသည် ထွက်ပြေး တိမ်းရှောင်နေကြရသည်မှာ တစ်ပတ်ကျော်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
” ဒီနေ့မှာ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းကြောင့် မြိုင်မြို့နယ်ထဲက ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ စစ်ခွေး စစ်ကြောင်းနဲ့အတူ အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့ သိရတယ် အရေအတွက် အတိအကျတော့ မသိရှိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။