မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊ မုံရွာလူထုတိုက်ပွဲ ကော်မတီ ၊ လက်ပံတောင်းတောင်ဒေသပင်မသပိတ်နှင့် ဒေသခံပြည်သူလူထုပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ၁၀၃ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် “အမျိုးသားနေ့အောင်ပွဲအလံထူ CDMအသံနဲ့ ခေတ်ပြောင်းရန်ကူ” ၊ “သမိုင်းကိုလည်းတွေး ခေတ်လမ်းကိုလည်းရေး” ၊ “စစ်ကိုခေါ်လို့ တိုက်ပွဲမျှော်” ၊ “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင်ပံ့ပိုးစို့” စသည့် စာသားပါ ဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြကာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဝန်းရံကာကွယ်ခဲ့ကြသည်။