မြိုင်မြို့နယ် အခြေခံ ပညာ အထွေထွေ သပိတ်ကော်မတီနှင့် ကြားကာလ ပြည်သူ့ ပညာရေး ကျောင်းတစ်ကျောင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများပူးပေါင်းကာ ယနေ့ မေလ ၂၁ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
ဆန္ဒပြပွဲတွင် “ဖက်ဒရယ်ပညာရေးတည်ဆောက်လို့ ကျွန်ပညာရေးအမြစ်ဖြတ်ကြစို့” ၊ “စနစ်တခုလုံးဖြိုချနေတာ စနစ်ဟောင်းတွေမကျင့်သုံးနဲ့” ၊ “အရေးတော်ပုံအောင်မြင်ဖို့ နိုင်ရာတာဝန်ထမ်းကြစို့” ၊ “အာဏာရှင်စနစ် မုချကျရှုံးရမည်” စသည့် စာသားများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။