မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများကို သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုတေဇာဆန်း ပေးပို့သည့် လက်ရှိတော်လှန်ရေးအခြေအနေများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ရမည့် အခြေအနေများကို တင်ပြစည်းရုံးသည့် ဗီဒီယိုကို ပြသခြင်းများပြုလုပ်ခဲ့ကြသည်။
ထို့ပြင် မြိုင်မြို့နယ်အခြေခံပညာအထွေသပိတ်ကော်မတီဝင်တစ်ဦးက မြေပြင်တော်လှန်ရေးအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနှင့် တော်လှန်ရေးရုပ်ရှင်ပြသခြင်းများကိုလည်း ပြည်သူများကို ပြသခဲ့ကြသည်။